မလေးရှား အင်တာနေရှင်နယ်စီးရီး ကြက်တောင်ပြိုင်ပွဲမှာ ဟိန်းထွဋ် ကွာတားအဆင့်နဲ့ ကျေနပ်ခဲ့ရ
14 Sep
ကမ္ဘာ့ကြက်တောင်အဖွဲချုပ် (BWF) ရဲ့ စက်တင်ဘာလ ၉ ရက်မှ ၁၄ ရက်အထိ ကျင်းပတဲ့ ၂၀၂၅ မလေးရှား အင်တာနေရှင်နယ်စီးရီး ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစား သမား ဟိန်းထွဋ်ဟာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲကို ပထမအဆင့်တွင် ပြိုင်ပွဲဝင် ၆၄ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဟိန်းထွဋ်ဟာ ဗီယက်နမ် ကစားသမားကို ၂ ပွဲပြတ်နဲ့အနိုင်ရရှိ ခဲ့ပြီး ၃၂ ဦးအဆင့်တွင် ဘင်္ဂလားဒေ့ရှ် ကစားသမားကို နှစ်ပွဲပြတ်၊ ၁၆ ဦးအဆင့်တွင် အမေရိကန်ကစားသမားကို နှစ်ပွဲပြတ် နဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ ဟိန်းထွဋ် ဟာ တောင်ကိုရီးယားကစားသမားကို နှစ်ပွဲပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကွာတား အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ (NVS 008)
14 Sep