မန်စီးတီးအသင်းက လူငယ်ကစားသမား ရီကိုလီဝစ်ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုး
14 Sep
မန်စီးတီးအသင်းက အင်္ဂလန်လက်ရွေးစင်လူငယ်ကစားသမား ရီကိုလီဝစ် ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အသက် ၂၀ အရွယ် ရီကိုလီဝစ်ဟာ မန်စီးတီးအကယ်ဒမီမှကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ မန်စီးတီးအသင်းကြီးအတွက် စတင်ခေါ်ယူခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ရီကိုလီဝစ် ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ခေါ်ယူရန် စိတ်ဝင်စားနေတဲ့အသင်းတွေ များပြားလာတာကြောင့် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရီကိုလီဝစ်ဟာ ကွင်းလယ်ခံစစ်ကစားသမားအဖြစ်ရော နောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး အနာဂတ်တွင် တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ရီကိုလီဝစ် က မန်စီးတီး အသင်း ဟာ သူ့ရဲ့အိပ်မက်အသင်းဖြစ်တာကြောင့် နှစ်ကာလရှည်ကြာစွာ ကစားသွားလိုကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။ (NVS 008)
14 Sep