တောင်ကြီး ရိုးရာမီးပုံးပျံပွဲတော်အတွက် လုပ်ငန်း ၄ မျိုး ဈေးပြိုင်လေလံ ခေါ်ယူနေ

13 Sep

တောင်ကြီးမြို့ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလဖြစ်သည့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ အဝေရာမီးပုံးပျံကွင်းတွင် ၈ ရက်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လုပ်ငန်း ၄ မျိုးအတွက် ဈေးပြိုင်လေလံလျှောက်လွှာတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း ရှမ်းပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၊ ဘဏ္ဍာငွေကြီးကြပ်ရေး လုပ်ငန်းကော်မတီမှသိရပါတယ်။ ဈေးပြိုင်လေလံဖိတ်ခေါ်ထားသည့် လုပ်ငန်းအမျိုးအစားများမှာ ဈေးဆိုင်ခန်းများ၊ ပျံကျဈေးနှင့် လက်ပွေ့ ဈေးသည်များလုပ်ငန်း၊ ချားရဟတ်ကွင်း၊ ကလေးကစားကွင်းနှင့် ပျော့ပျော့အိအိ ကစားကွင်းလုပ်ငန်း၊ ယာဉ်ရပ်နား စခန်း(၁၊ ၂၊ ၃၊ ၄)လုပ်ငန်းနှင့် သန့်စင်ခန်းလုပ်ငန်း တို့ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေနဲ့ လေလံလျှောက်လွှာများကို စက်တင်ဘာလ ၁၀ ရက်မှစ၍ ရောင်းချပေးနေပြီး ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီရုံး (ရှမ်းပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး)သို့ ရုံးချိန်အတွင်း လာရောက်ဝယ်ယူ နိုင်ကာ စက်တင်ဘာလ ၂၅ ရက်တွင် နောက်ဆုံးထား၍ လေလံလျှောက်လွှာများကို ပြန်လည်တင်သွင်းရမှာဖြစ်ပါတယ်။ တင်သွင်းလာတဲ့လေလံများ ဖွင့်ဖောက်ကြေညာခြင်းကို စက်တင်ဘာလ ၂၆ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသွားမှာဖြစ်ပါတယ်။ (NVS 004)

13 Sep

ADVERTISE HERE .