ရုရှားနှင့်ဘယ်လာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်စတင်လုပ်ဆောင်
13 Sep
ရုရှားနှင့် မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘယ်လာရုစ်နိုင်ငံတို့သည် ၎င်းတို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး တစ်ရပ်ကို စက်တင်ဘာလ ၁၂ ရက်တွင်စတင်ခဲ့ကြောင်းသိရသည်။ Zapad ဟုအမည်ပေးထားသည့် အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးသည် ရုရှားနိုင်ငံက ၎င်းတို့၏ဝေဟင် ပိုင်နက်ကိုကျော်ဖြတ်၍ ဒရုန်းများကို တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု ပိုလန်နိုင်ငံကစွပ်စွဲပြောကြားပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။ ပိုလန်နိုင်ငံ၏ အဆိုပါစွပ်စွဲပြောဆိုမှုများသည် ရုရှားတပ်မတော်က ယူကရိန်းနိုင်ငံတစ်ဝန်းတွင် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး ယူကရိန်းမြို့ကြီးများအပေါ် ဝေဟင်မှတိုက်ခိုက်မှုများကို တိုးမြှင့်နေစဉ် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ရုရှားနှင့်ဘယ်လာရုစ်တို့အကြား ယခုလုပ်ဆောင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကို ပိုလန်၊ လစ်သူယေးနီး ယားနှင့် လတ်ဗီးယားနိုင်ငံတို့က သတိထားစောင့်ကြည့်လျက်ရှိသည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကို ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တော်၏ အရှေ့ဘက်ရှိ ဘိုရီဆော့ဗ်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရုရှားနှင့်ဘယ်လာရုစ်တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေစဉ်အတွင်း ပိုလန်နိုင်ငံက ဘယ်လာရုစ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသကိုပိတ်ဆို့ခဲ့ကြောင်းသိရသည်။