ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြောင်းရွှေ့ခွင့်မပြုခဲ့သည့် လာပေါ်တီကို ဘီလ်ဘာအိုအသင်းခေါ်ယူရန် ကြိုးပမ်း

12 Sep

ဘီလ်ဘာအိုအသင်းက အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်တွင် အယ်နာဆာအသင်းမှ ခံစစ်ကစား သမား လာပေါ်တီ ကို ခေါ်ယူရန်ကြိုးပမ်းခဲ့ရာ စာရွက်စာတမ်းလိုအပ်ချက်ကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ခွင့်မပြု ခဲ့သော်လည်း ယခုအခါ အယူခံတင်သွင်း၍ ခေါ်ယူရန် ဆက်လက်ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ လာပေါ်တီ ရဲ့ အပြောင်းအရွှေ့ဖြစ်စဉ်တွင် ကနဦးက တူကီယဲကလပ် ဘက်ဆစ်တပ်အသင်းက အယ်နာဆာ အသင်းကို အငှားစာချုပ်ဖြင့် ခေါ်ယူရန်တင်ပြထားပြီး ကစားသမားနှင့် သဘောတူညီမှုရရှိထားသော်လည်း ဘီလ်ဘာအို အသင်းက ပြောင်းရွှေ့ကြေး ယူရို ၁ဝ သန်းဖြင့် အပြီးသတ်ခေါ်ယူရန် ကမ်းလှမ်းလာချိန်တွင် အယ်နာဆာအသင်းက ရောင်းချရန်ခွင့်ပြုခဲ့သော်လည်း စာရွက်စာတမ်းပြည့်စုံမှုမရှိတာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အဆိုပါအပြောင်း အရွှေ့ကို ပိတ်ပင်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ဘီလ်ဘာအိုအသင်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံတင်သွင်းမှုဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေပြီး အယူခံမအောင်မြင်ပါက အဆိုပါဖြစ်စဉ်ကို အားကစားဆိုင်ရာခုံသမာဓိရုံးသို့ ဆက်လက်တင်သွင်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။ လာပေါ်တီ ရဲ့အပြောင်းအရွှေ့တွင် ဘီလ်ဘာအိုအသင်းအနေနဲ့ အောင်မြင်ခဲ့ခြင်းမရှိခဲ့ပါက ကနဦးအငှား စာချုပ်ဖြင့် ခေါ်ယူထားသည့် ဘက်ဆစ်တပ်အသင်းက ကစားသမားကို ခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။(NVS 008)

12 Sep

ADVERTISE HERE .