ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမားဘယ်လင်ဟမ် ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီး လေ့ကျင့်မှုများစတင်ပြုလုပ်

12 Sep

ရီးရဲလ်မက်ဒရစ်အသင်း အဓိကကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ဟာ ပခုံးခွဲစိတ်ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့ပြီးနောက် လေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိနေပြီး မကြာမီကာလအတွင်း အသင်းအတွက် ပြန်လည်ကစားပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ဘယ်လင်ဟမ် ဟာ ကာလရှည်ခံစားနေရတဲ့ ပခုံးဒဏ်ရာကို ပြီးခဲ့တဲ့ဇူလိုင်လတွင် ကျင်းပခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ခွဲစိတ်ကုသမှု လုပ်ဆောင်ခဲ့ပြီးနောက် အနားယူနေခဲ့ရလို့ ရာသီအစပိုင်းပွဲစဉ်များကို လွဲချော်ခဲ့ရပါတယ်။ ဘယ်လင်ဟမ် အနေနဲ့ အစောပိုင်းမှာ ပခုံးခွဲစိတ်ဒဏ်ရာကြောင့် အောက်တိုဘာလကုန်ပိုင်းထိ အနားယူ ရမယ်လို့ ခန့်မှန်းထားသော်လည်း ယခုအခါ ဒဏ်ရာအခြေအနေမှ အမြန်ဆုံးပြန်လည်သက်သာလာခဲ့တဲ့အတွက် တစ်ဦးတည်း အပေါ့စားလေ့ကျင့်မှုများကို စတင်လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဒဏ်ရာမှပြန်လည်သက်သာလာခဲ့တဲ့ ဘယ်လင်ဟမ် ကို အဆောတလျင် အသုံးပြုမှာမဟုတ်ဘဲ အပြည့်အဝသက်သာလာမှသာ အသုံးပြုသွားမှာဖြစ်ပြီး ယခုလကုန်ပိုင်းတွင် ပြန်လည် ကစားနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)

12 Sep

ADVERTISE HERE .