အွန်နရီ ကို ပြင်သစ်အသင်းနည်းပြရာထူးခန့်အပ်ရန် သတင်းထွက်ပေါ်
12 Sep
ပြင်သစ်အသင်းကို တာဝန်ယူနေတဲ့ နည်းပြ ဒက်ချမ့် က လာမည့် ၂ဝ၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးပါက အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်လို့ နည်းပြရာထူးအတွက် အသင်းဂန္ထဝင်ကစားသမားဟောင်း အွန်နရီ ကိုခန့်အပ်ရန် ရေပန်းစား နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ ယခင်က ပြင်သစ်အသင်းနည်းပြရာထူးအတွက် နည်းပြဟောင်း ဇီဒန်း ကိုခန့်အပ်နိုင်ရန် ဦးစားပေး သတ်မှတ် ထားကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သော်လည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဒက်ချမ့် ကို စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် နည်းပြ ဇီဒန်း ကို ခန့်အပ်မည့်သတင်းမှာ ပျောက်ကွယ်ခဲ့ပါတယ်။ လက်ရှိတွင် နည်းပြ ဒက်ချမ့် နဲ့ ပြင်သစ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်အကုန်တွင် ကုန်ဆုံးမှာဖြစ်လို့ အာဆင်နယ်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူထားတဲ့ အသင်းဂန္ထဝင်ကစားသမားဟောင်း အွန်နရီ က နည်းပြချုပ်တာဝန်ကို ခန့်အပ်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ အသက် ၅၅ နှစ်ရှိ နည်းပြ ဒက်ချမ့် အနေနဲ့ ပြင်သစ်အသင်းကို စတင်တာဝန်ယူပြီးနောက် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်းကို လေးဂိုး၊ နှစ်ဂိုးဖြင့် နိုင်ပွဲရယူ၍ ချန်ပီယံဆုဖလား ရယူပေးနိုင်ခဲ့တဲ့ အပြင် ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ပို့ဆောင်ပေးခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ ၎င်းတာဝန်ယူခဲ့တဲ့ ၁၃ နှစ်တာကာလအတွင်း အသင်းကို အောင်မြင်မှုများ ရယူပေးနိုင်ခဲ့ပါတယ်။(NVS 008)