အိုလီဆီ အား စာချုပ်သက်တမ်းတိုးရန် ဘိုင်ယန်မြူးနစ်အသင်းစီစဉ်
12 Sep
ဘိုင်ယန်မြူးနစ်အသင်းက အသင်းရဲ့တောင်ပံကစားသမား အိုလီဆီ အား စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားကို လက်ရှိအချိန်မှာ ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန်စိတ်ဝင်စားနေခြင်းကြောင့် ဘိုင်ယန်မြူးနစ်အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ တောင်ပံကစားသမား အိုလီဆီ ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၂ဝ၂၄-၂၀၂၅ မှ ၂၀၂၅-၂ဝ၂၆ ဘောလုံးရာသီ အထိ ပြိုင်ပွဲစုံ ၅၉ ပွဲကစားပြီး ၂၄ ဂိုး သွင်းယူကာ ခြေစွမ်းပြထားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ထုတ်ပြန်ချက်တွင် အိုလီဆီ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်းနဲ့ သူဟာအသင်းအတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး စာချုပ်ကိစ္စကိုလည်း မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
12 Sep