ဒူးဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိတဲ့ အိုမာမာမွတ်ရှ်

12 Sep

အီဂျစ်လက်ရွေးစင်နဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး အိုမာမာမွတ်ရှ် ဟာ ဒူးဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ အဆိုပါတိုက်စစ်မှူးဟာ နိုင်ငံအသင်းဖြစ်တဲ့ အီဂျစ်လက်ရွေးစင်အသင်း အတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး အိုမာမာမွတ်ရှ် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရခြင်းကြောင့် အီဂျစ်လက်ရွေးစင်အသင်းအတွက် သာမက ကလပ်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး အိုမာမာမွတ်ရှ် ဟာ အီဂျစ်လက်ရွေးစင်အသင်းနဲ့အတူ ၂ဝ၂၁ မှ ၂၀၂၅ အထိ ပြိုင်ပွဲ ၃၉ ပွဲကစားကာ ခုနစ်ဂိုးအထိ သွင်းယူထားပြီး ကလပ်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့လည်း ပြိုင်ပွဲစုံ ၂၈ ပွဲကစားပြီး ရှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။(NVS 008)

12 Sep

ADVERTISE HERE .