“မကွေးမြသလွန်စေတီတော်၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပမည်”

12 Sep

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်စေတီတော်၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာလ ၁ ရက် မှ ၂၀ ရက်(သီတင်းကျွတ်လဆန်း ၁၀ ရက် မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်)အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်ကလာရောက်တဲ့ ဘုရားဖူးပြည်သူများ အတွက် ဘုရားပွဲဈေးအနေနဲ့ ဈေးဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချနိုင်ရန် စီစဉ်ပေးသွားမှာဖြစ်ပြီး အခမဲ့နားနေဆောင်များ စီစဉ်ထားရှိမှာ ဖြစ်ပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ပင့်သံဃာတော် ၁,၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ညမှာ ဆီမီး ၉,၀၀၀၊ နံ့သာ ၉,၀၀၀၊ ပန်း ၉,၀၀၀ ပူဇော်ပွဲများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

12 Sep

ADVERTISE HERE .