“(၃၃)ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ESport အားကစားနည်းအမျိုးအစား သုံးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်”

12 Sep

(၃၃) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Team Zanaka အသင်းမှ ESport အားကစားနည်းအမျိုးအစား သုံးမျိုးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစား အဖွဲ့ချုပ်မှ သိရပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ESport အားကစားနည်းကဏ္ဍမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မည့်အသင်းများကို ရွေးချယ်သည့် National Esports Championship 2025 ပြိုင်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသား မိုးလုံလေလုံအားကစားကွင်း(၁)၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း တစ်ရာကျော်၊ ကစားသမားပေါင်းငါးရာကျော်တို့ဖြင့် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ပြိုင်ပွဲ၌ အမျိုးသား MobileLegends: Bang Bang (MLBB) Open Division ပြိုင်ပွဲတွင် Falcon Esports အသင်း၊ အမျိုးသမီး Mobile Legends: Bang Bang (MLBB) Women Division ပြိုင်ပွဲတွင် Falcon Daisies အသင်း၊ EA Sports FC Online ပြိုင်ပွဲတွင် Wai Min Shein တို့က ချန်ပီယံဆုရရှိခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ရန်အတွက် Team Zanaka အသင်းအား ရွေးချယ်ခဲ့ကာ (၃၃)ကြိမ်မြောက် SEA Games ပြိုင်ပွဲကြီးတွင် နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၃၂)ကြိမ်မြောက် SEA Games -Men's Tournament တွင် Falcon Esports အသင်းမှ မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ရယူပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

12 Sep

ADVERTISE HERE .