“ဝုဖ်ဘတ်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့တဲ့ အဲရစ်ဆန်”

12 Sep

ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆန်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဝုဖ်ဘတ်အသင်းနဲ့ ၂ နှစ်သက်တမ်း ရှိတဲ့ စာချုပ်ကိုချုပ်ဆိုလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် အဲရစ်ဆန် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ မန်ယူအသင်းနဲ့ လမ်းခွဲလိုက်ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ အဲရစ်ဆန် ကို ခေါ်ယူဖို့အတွက် မေဂျာလိဂ် နဲ့ ဆော်ဒီပရိုလိဂ်အသင်းတွေက စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကတော့ ဥရောပမှာ ဆက်နေဖို့ကိုသာ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆန်ဟာ မန်ယူအသင်းနဲ့ ဘောလုံးရာသီ ၃ ခုဖြတ်သန်းခဲ့ပြီး အသင်းအတွက် ၁၀၇ ပွဲမှာ ၈ ဂိုးသွင်းယူပေးခဲ့သလို ၂၀၂၃ လိဂ်ဖလားနဲ့ ၂၀၂၄ အက်ဖ်အေဖလားတို့ကို ရရှိခဲ့ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ အဲရစ်ဆန်ဟာ ကစားသမားဘဝကနေ အနားယူရကာနီးအထိ ဖြစ်ခဲ့ပါတယ်။ ဝုဖ်ဘတ်အသင်းက ဘွန်ဒက်စ်လီဂါကလပ်တွေထဲမှာ သူ့အတွက် ပထမဆုံးကစားမယ့်အသင်းဖြစ်သလို ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံးကစားနိုင်မယ်လို့ ယုံကြည်တဲ့အတွက် အခုလိုမျိုး ရောက်ရှိှိာခဲ့တာ ဖြစ်ပါတယ်လို့ အဲရစ်ဆန်က ပြောကြားသွားခဲ့ပါတယ်။ (NVS 008)

12 Sep

ADVERTISE HERE .