“တယ်ဒက်စကို ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဖီနာဘာချီအသင်း”
12 Sep
နည်းပြ မော်ရင်ဟို ကို ရာထူးမှ ပယ်ဖျက်ခဲ့ပြီးနောက် တူရကီကလပ် ဖီနာဘာချီအသင်းဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်နည်းပြဟောင်း တယ်ဒက်စကို ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အီတလီ-ဂျာမန် နည်းပြ တစ်ဦးဖြစ်တဲ့ တယ်ဒက်စကို ဟာ ရှော်လ်ကေး၊ စပါးတပ်မော်စကို၊ လိုက်ပ်ဇစ်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားခဲ့သလို၊ ဂိုးသမား ကော်တိုအာ ကလည်း နည်းပြမပြောင်းရင် ဆက်မကစားနိုင်ဘူးလို့ တောင်းဆိုခဲ့တာကြောင့် ၂၀၂၅ ဇန်နဝါရီလမှာ ဘယ်လ်ဂျီယံနည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဖီနာဘာချီအသင်း က ၂ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပြီး လူငယ်နည်းပြ တယ်ဒက်စကို အတွက် ၆ သင်းမြောက် ကိုင်တွယ်ခွင့်ရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။ (NVS 008)