“အိုနာနာ ကို ထရက်ဇွန်စပေါ်အသင်းထံ တစ်ရာသီအငှားချလိုက်ကြောင်း အတည်ပြုခဲ့တဲ့ မန်ယူအသင်း”

12 Sep

မန်ယူအသင်းက ကင်မရွန်းဂိုးသမား အိုနာနာကို တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းထံ တစ်ရာသီအငှားချ လိုက်ကြောင်း ကြာသပတေးနေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။ မန်ယူအသင်းဟာ အိုနာနာကို ၂၀၂၃ နွေရာသီမှာ အင်တာမီလန်အသင်းကနေ ပေါင် ၄၃ ဒသမ ၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အမှားအယွင်းများတဲ့ ဂိုးသမားတစ်ဦးဖြစ်တာကြောင့် အခုလိုအငှားချခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက ဘယ်လ်ဂျီယံဂိုးသမား လမ်မန်းစ် ကို ခေါ်ယူခဲ့ပြီး ပထမဂိုးသမားအဖြစ် နေရာပေးဖို့ စီစဉ်ခဲ့တာကြောင့် အိုနာနာ က အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ မန်ယူအသင်းဟာ အိုနာနာကို အငှားချခြင်းအတွက် ငှားရမ်းခရရှိမှာ မဟုတ်သလို၊ အပြီးသတ်ရောင်းချနိုင်မယ့် သဘောတူညီချက် မပါဝင်ကြောင်း၊ လစာကိုတော့ ထရက်ဇွန်စပေါ်အသင်းက အပြည့်အဝပေးချေသွားမှာဖြစ်ကြောင်း သိရပါတယ်။ တူရကီကို ရောက်ရှိလာတဲ့ အိုနာနာ ကို ထရက်ဇွန်စပေါ်အသင်းရဲ့ ပရိသတ်တွေကတော့ တခဲနက် ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

12 Sep

ADVERTISE HERE .