“ကလောမြို့နယ်မှာ စွန့်စားခရီးသွားလုပ်ငန်းတစ်ခုဖော်ဆောင်လျက်ရှိ”
12 Sep
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ နန်းသဲကျေးရွာ၌ စွန့်စားခရီးသွားလုပ်ငန်းတစ်ခုကို ဖော်ဆောင်ထားလျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင်က စက်တင်ဘာလ ၉ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ နန်းသဲကျေးရွာရှိ Kalawe Glamping Adventure Tourism Site ဧရိယာအတွင်း စွန့်စားခရီးသွားလုပ်ငန်း၊ စခန်းချတည်းခိုနေထိုင်ခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အပန်းဖြေခရီးသွားလုပ်ငန်း၊ ကြိုးတန်းလျှောစီးလုပ်ငန်းတို့ကို ဖော်ဆောင်လျက်ရှိပါတယ်။ အခုလိုဖော်ဆောင်ထားမှုကို ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင် က ကြည့်ရှုစစ်ဆေး၍ လာရောက် လည်ပတ်တဲ့ ခရီးသွားဧည့်သည်များအတွက် ခရီးသွားလုပ်ငန်းအမျိုးအစားအလိုက် ဝန်ဆောင်မှုပေးရာတွင် စိတ်ကျေနပ်မှုရှိစေရေး၊ ဖော်ဆောင်ထားတဲ့ လုပ်ငန်းအမျိုးအစားများကို သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် အညီဖြစ်စေရေးအပြင် လူငယ်ခရီးသွားလုပ်ငန်း၊ တောင်တန်းဒေသခရီးသွားလုပ်ငန်း၊ အားကစားခရီးသွားလုပ်ငန်း၊ တောတွင်း ခရီးသွားလုပ်ငန်းတို့ကိုပါ တွဲဖက်ဖော်ဆောင်ရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် ခရီးသွားဧည့်သည်များနှင့် ဝန်ဆောင်မှုပေးသူများကို ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျအစီအမံများထားရှိရန်၊ ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဈေးကွက်မြှင့်တင် ကြိုးစားရန်တို့ကိုလည်း မှာကြားခဲ့ပါတယ်။(NVS 004)