“ဒလတံတားစီမံကိန်း၏ ရေလယ်ပင်မတံတားမှ Form Traveler ဖြုတ်သိမ်းနေစဉ်အတွင်း ရေယာဉ်များ ဖြတ်သန်းခြင်းမပြုရန် အသိပေးထုတ်ပြန်”
12 Sep
မြန်မာ–ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း၏ ရေလယ်ပင်မတံတားမှ Form Traveler ဖြုတ်သိမ်းခြင်း ပြုလုပ်နေစဉ်အတွင်း ရေယာဉ်များဖြတ်သန်းခုတ်မောင်းသွားလာခြင်းမပြုရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေး ထုတ်ပြန်ထားပါတယ်။ အဆိုပါတံတားစီမံကိန်း၏ ရေလယ်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်လျက် ရှိရာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လကုန်တွင် တပ်ဆင်ပြီးစီးခဲ့ပါတယ်။ ယခုအခါ ရေလယ်ပင်မတံတား သံမဏိဆိုင်းကြိုး များ တပ်ဆင်ခြင်းလုပ်ငန်းမှာ အသုံးပြုခဲ့သော Form Traveler အား ပြန်လည်ဖြုတ်သိမ်းခြင်းလုပ်ငန်းစဉ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်မှ ၂ဝ ရက်အထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလယ်ပင်မတံတားမှ Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီမှ ၁၈ ရက် နံနက် ၈ နာရီအထိ လည်းကောင်း၊ စက်တင်ဘာလ ၁၉ ရက် နံနက် ၈ နာရီမှ ၂၀ ရက် နံနက် ၈ နာရီအထိလည်းကောင်း မည်သည့် ရေယာဉ်မျှ ဖြတ်သန်းခုတ်မောင်းသွားလာခြင်း မပြုရန်အတွက် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ (NVS 004)