“ရွှေတိဂုံစေတီတော်သို့ ရှစ်လတာကာလအတွင်း ပြည်တွင်း/ပြည်ပဘုရားဖူး ၄ ဒသမ ၆ သန်းကျော် လာရောက်ခဲ့”

11 Sep

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးသို့ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လတာကာလအတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူး ၄ ဒသမ ၆ သန်းကျော် လာရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ရှစ်လတာကာလအတွင်း ဘုရားဖူးဝင်ရောက်မှုမှာ သံဃာတော် ၈၇,၉၈၉ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၄၇,၀၃၀ ပါး၊ ပြည်တွင်းဘုရားဖူး ၄,၄၆၈,၆၄၃ ဦး၊ နိုင်ငံခြားခရီးသွားဧည့်သည် ၅၀,၅၅၃ ဦး စုစုပေါင်း ၄,၆၅၄,၂၁၅ ဦး လာရောက် ဖူးမြော်ခဲ့ပါတယ်။ လာရောက်ဖူးမြော်သူများအနေနဲ့ ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် လူဦးရေတစ်သောင်းမှ လေးသောင်းဝန်းကျင်အထိ လာရောက်ကြပြီး အခါကြီးရက်ကြီးများနှင့် ရုံးပိတ်ရက်များတွင် ဘုရားဖူးဝင်ရောက်မှု ပိုမို များပြားလျက်ရှိပါတယ်။ အဆိုပါကာလအတွင်း လအလိုက်အများဆုံးဝင်ရောက်မှု နေ့ရက်များမှာ အများပြည်သူရုံးပိတ်ရက်များဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက် နိုင်ငံတကာနှစ်သစ်ကူးနေ့တွင် လာရောက်သူ ၄၂,၆၁၄ ဦး၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ၃၂,၆၇၅ ဦး၊ ဖေဖော်ဝါရီလ ၉ ရက် တနင်္ဂနွေနေ့တွင် ၄၄,၅၉ဝ ဦး၊ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ၄၃,၆၇၆ ဦး၊ မတ်လ ၂ ရက် တောင်သူလယ်သမားနေ့တွင် ၈,၈၆၃၅ ဦး၊ မတ်လ ၁၃ ရက် တပေါင်းလပြည့်နေ့တွင် ၁၀၆,၉၄၉ ဦး၊ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ၁၀၃,၀၉၆ ဦး၊ ဧပြီလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ၂၅,၃၀၁ ဦး၊ မေလ ၁၁ ရက် ကဆုန်ညောင်ရေသွန်းပွဲနေ့တွင် ၁၆,၆၃၅၀ ဦး၊ မေလ ၁၈ ရက် တနင်္ဂနွေနေ့တွင် ၄၁,၇၁၄ ဦး၊ ဇွန်လ ၈ ရက် တနင်္ဂနွေနေ့တွင် ၂၉,၆၅၂ ဦးနှင့် ဇွန်လ ၂၉ ရက် တနင်္ဂနွေနေ့တွင် ၄၅,၉၁၅ ဦး၊ ဇူလိုင်လ ၅ ရက် စနေနေ့တွင် ၂၆,၂၆၇ ဦး၊ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ၃၀,၀၆၅ ဦး၊ ဩဂုတ်လ ၈ ရက် ဝါခေါင်လပြည့်နေ့တွင် ၆၃,၉၃၄ ဦးနှင့် ဩဂုတ်လ ၁၀ ရက် တနင်္ဂနွေနေ့တွင် ၅၁,၅၉၈ ဦးဖြင့် အများအပြား လာရောက်ဖူးမြော်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)

11 Sep

ADVERTISE HERE .