“ဂိုးသမား ဖာဘီယန်စကီးကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဝက်စ်ဟမ်းအသင်း”

11 Sep

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်ချိန်က လမ်းခွဲခဲ့တဲ့ ပိုလန်ဂိုးသမား ဖာဘီယန်စကီးကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ ဖာဘီယန်စကီးဟာ အာဆင်နယ်နဲ့ ဆွမ်ဆီးအသင်းတွေမှာလည်း ကစားခဲ့ဖူးသူဖြစ်ပြီး ဝက်စ်ဟမ်းအသင်းကိုတော့ ၂၀၁၈ ခုနှစ်မှာ ပေါင် ၇ သန်းနဲ့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဖာဘီယန်စကီး ဟာ ၂၀၂၂-၂၃ ရာသီအထိ ဝက်စ်ဟမ်းအသင်းမှာ ပထမဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြင်သစ်ဂိုးသမား အာရီအိုလာ က ပထမ ဂိုးသမားနေရာ ရယူသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းက ပြီးခဲ့တဲ့ဇွန်လမှာ စာချုပ်သက်တမ်းကုန်သွားတဲ့ ဖာဘီယန်စကီးနဲ့ လမ်းခွဲခဲ့ပေမဲ့ လက်ရှိအချိန်တွင် အသင်းမှာ ဂိုးသမားနှစ်ဦးသာ ရှိနေတာကြောင့် ဖာဘီယန်စကီး ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဝက်စ်ဟမ်းအသင်းက မန်ယူဂိုးသမား အိုနာနာ ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဖာဘီယန်စကီး နဲ့ ပြန်လည်ဆွေးနွေးနေခြင်းဖြစ်ပြီး တတိယဂိုးသမားအဖြစ်သာ ရပ်တည်ရမယ်လို့ သိရပါတယ်။ (NVS 008)

11 Sep

ADVERTISE HERE .