“မန်ချက်စတာဒါဘီကို လွဲချော်ရတော့မယ့် မန်စီးတီးအသင်း တိုက်စစ်မှူး အိုမာမာမွတ်ရှ်”
11 Sep
လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာဒါဘီမှာ မန်စီးတီးအသင်း တိုက်စစ်မှူး အိုမာ မာမွတ်ရှ် က ဒဏ်ရာကြောင့် လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ မန်စီးတီးအသင်းမှာ အီဂျစ်တိုက်စစ်မှူး အိုမာမာမွတ်ရှ် က ဘာကီနာဖာဆိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ကြောင့် ကွင်းအတွင်း ကုသမှုပြုလုပ်ပြီးနောက် ဆက်လက်ကစားနိုင်ခြင်းမရှိတာကြောင့် လူစားလဲခံခဲ့ရပါတယ်။ အိုမာမာမွတ်ရှ် ဟာ ဒူးအရွတ်ပွန်းပဲ့သွားခဲ့ပြီး ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ ကိုင်ရို ကို ပြန်ရောက်မှ ထပ်မံစမ်းသပ်စစ်ဆေးရမယ်လို့ အီဂျစ်အသင်းက အသိပေးခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ချာကီ၊ ဖိုဒန်၊ ကိုဗာချစ်၊ ဂါဗာဒီယောလ်၊ ဆယ်ဗင်ညို၊ ခူဆာနော့ဗ် စတဲ့ကစားသမားများစွာ ဒဏ်ရာရရှိနေတာကြောင့် မာမွတ်ရှ် ဒဏ်ရာထပ်ရခဲ့တာဟာ အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။ (NVS 008)