“ရွန်နီ ရဲ့ အဝေးကွင်းသွင်းဂိုးစံချိန်ကို လိုက်မီခဲ့တဲ့ ဟယ်ရီကိန်း”

11 Sep

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ဆားဘီးယားကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိ ခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပြိုင်ဘက်လက်ရွေးစင်အသင်း ၁၆ သင်းကို အဝေးကွင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ဝိန်းရွန်နီ ရဲ့စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။ ဟယ်ရီကိန်း ဟာ အဝေးကွင်းမှာ ဆန်မာရီနို၊ ဂျာမနီ၊ စကော့တလန်၊ ပြင်သစ်၊ မော်လ်တာ၊ လစ်သူယေးနီးယား၊ မွန်တီနီဂရိုး၊ ချက်၊ ဘူလ်ဂေးရီးယား၊ ကိုဆိုဗို၊ အယ်လ်ဘေးနီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ အီတလီ၊ အန်ဒိုရာ၊ ဆားဘီးယား တို့ကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်း ဟာ ၂၀၂၅ ခုနှစ်အတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၆ ပွဲ ကစားခဲ့ရာမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဟယ်ရီကိန်း အနေနဲ့ အင်္ဂလန်အသင်းအတွက် ၁၀၉ ပွဲမှာ ၇၄ ဂိုးမြောက်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်း ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။ အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၅ ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရထားတာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ (NVS 008)

11 Sep

ADVERTISE HERE .