“ချန်ပီယံလိဂ်ဖလားရရှိဖို့ လီဗာပူးလ်အသင်းက အလားအလာအကောင်းဆုံးလို့ စူပါကွန်ပျူတာ က ခန့်မှန်းထား”

11 Sep

စူပါကွန်ပျူတာက ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်း ဆုဖလားရရှိဖို့ အလားအလာ အကောင်းဆုံးလို့ ခန့်မှန်းခဲ့ပါတယ်။ လက်ရှိရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ရာသီကလိုပဲ ပြိုင်ပွဲဝင်အသင်း ၃၆ သင်းနဲ့ လိဂ်ပြိုင်ပွဲပုံစံ ကျင်းပ သွားမှာဖြစ်ပြီး လာမယ့်တစ်ပတ် စက်တင်ဘာလ ၁၆ မှာ ပွဲစဉ်(၁) ကို စတင်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စူပါကွန်ပျူတာက ပြိုင်ပွဲဝင်အသင်းတွေရဲ့ ဗိုလ်စွဲနိုင်ခြေအလားအလာတွေကို ခန့်မှန်းဖော်ပြခဲ့တာ ဖြစ်ပြီး လီဗာပူးလ်အသင်းက ၂၀ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက ၁၆ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး လက်ရှိချန်ပီယံ PSG အသင်းက ၁၂ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေခဲ့ပါတယ်။ (NVS 008)

11 Sep

ADVERTISE HERE .