“လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်း သွင်းဂိုး ၅ ဂိုးသွင်းယူခဲ့တဲ့ ဟာလန်း”

11 Sep

မန်စီးတီးအသင်းနဲ့ နော်ဝေအသင်းတိုက်စစ်မှူး ဟာလန်း ဟာ နော်ဝေလက်ရွေးစင်အသင်းအတွက် ပထမဆုံး အကြိမ်အဖြစ် တစ်ပွဲတည်း သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၁၀ ရက်က ကစားခဲ့တဲ့ပွဲစဉ်မှာ နော်ဝေအသင်းက မော်လ်ဒိုဗာအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဟာလန်းက သွင်းဂိုး ၅ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပထမဆုံးအကြိမ်အဖြစ် နော်ဝေလက်ရွေးစင်အသင်းအတွက် သွင်းဂိုး ၅ ဂိုးသွင်းယူနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟာလန်း ဟာ ကလပ်အသင်းမှာတော့ တစ်ပွဲတည်းသွင်း ၅ ဂိုး နှစ်ကြိမ်အထိ သွင်းယူဖူးပါတယ်။ ဟာလန်း အနေနဲ့ လက်ရှိအချိန်မှာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ဟက်ထရစ် ၂၆ ကြိမ်အထိ သွင်းယူထားနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၄၅ ပွဲမှာ ၄၈ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ (NVS 008)

11 Sep

ADVERTISE HERE .