“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ မကြာမီ တွေ့ဆုံမည်”
11 Sep
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကြာမီအချိန်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်က အိန္ဒိယမှသွင်းကုန်များအပေါ် ထပ်ဆောင်းခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦး၏ ထိပ်သီးအစည်းအဝေး ထွက်ပေါ်လာမည် ဖြစ်သည်။ အိန္ဒိယနှင့်အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးအတားအဆီးများကို ဖြေရှင်းရန် ဆက်လက်ညှိနှိုင်းလျက်ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ ဝန်ကြီးချုပ် မိုဒီ က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဩဂုတ်လနှောင်းပိုင်းမှ ယခုလအစောပိုင်းအထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ မိုဒီ သည် ခုနစ်နှစ်အတွင်း ၎င်း၏ ပထမဆုံးခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှား သမ္မတ ဗလာဒီမာပူတင်တို့နှင့် တွေ့ဆုံခဲ့သည်။ သမ္မတထရမ့်နှင့် ဝန်ကြီးချုပ် မိုဒီ တို့၏ဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်မှုရရှိရန် ကူညီပေးနိုင်မည်လား ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။