“ဧရာဝတီတံတား(ရတနာပုံ)ကို ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ”
11 Sep
ဧရာဝတီတံတား (ရတနာပုံ)ကို ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထပ်မံလှုပ်ခတ်နေတဲ့ ငလျင်ငယ်များကြောင့် တံတားကြီးထပ်မံပျက်စီးခြင်းရှိ/မရှိ ကိုပါ စောင့်ကြည့်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ လက်ရှိဧရာဝတီတံတား(ရတနာပုံ)အနေနဲ့ မန္တလေးဘက်ခြမ်းမှာငလျင်ဒဏ်ကြောင့် Lateral Bracing သံပေါင် များနှင့် Pier များ ပျက်စီးခဲ့မှုများအတွက် ပြုပြင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရေထဲ၌ရှိတဲ့ တံတားတိုင်များ၊ ဆိပ်ခံတံတားတိုင်များ(piers)ကို ပြုပြင်ထိန်းသိမ်းရန်နှင့် ပိုပြီးခိုင်ခံ့အောင်လုပ်ရန်အတွက် Pier Jacketing ပုံစံဖြင့် ပြုပြင်သွားမယ်လို့ သိရပါတယ်။ ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်းလည်း လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အချိန်မှာ တံတားကြီးမှဖြတ်သန်းသွားလာတဲ့ ပြည်သူများအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်စေရန် နေ့စဉ်စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ (NVS 004)