“ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့ရတဲ့ ကလောမြို့နယ်မှ နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်”

11 Sep

‎ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် ရှမ်းပြည်နယ်၊ ကလောမြို့နယ်မှ အလုံးစုံပြိုကျပျက်စီးခဲ့သော နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့သော နေအိမ်များ၏ ပြန်လည်ပြုပြင်မှုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေများကို စက်တင်ဘာလ ၉ ရက်ညနေပိုင်းက ပေးအပ်ခဲ့ပါတယ်။ ‎ ကလောမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ အလုံးစုံပြိုကျပျက်စီးခဲ့တဲ့ ဝါးထရံကာနေအိမ်တစ်လုံးအတွက် ငွေကျပ် သိန်း ၂၀ ၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်တစ်လုံးလျှင် ၆ ဒသမ ၆၆၆ သိန်းကျပ်ဖြင့် နေအိမ် ၇ ခုနစ်လုံး၊ တစ်ထပ် ပျဉ်ထောင်အိမ်တစ်လုံးလျှင် ၃၃ ဒသမ ၃၃၇ သိန်းနှင့် နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးလျှင် သိန်း ၆၀ နှုန်းဖြင့် နေအိမ် နှစ်လုံးတို့အတွက် ထောက်ပံ့ငွေကျပ် ၂၁၉ ဒသမ ၉၉၉ သိန်းကို တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။ (NVS 004)

11 Sep

ADVERTISE HERE .