“ငလျင်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့နိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်း”

11 Sep

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ၈ ခုတို့မှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့မည့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းထား ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က မြန်မာနိုင်ငံဘိလပ်မြေ ထုတ်လုပ်သူ များအသင်း၏ (၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၉ ရက်က ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ ကောလိပ်စတဲ့ အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများမှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားပေးနိုင်ရန် ဆွေးနွေး လျက်ရှိကြောင်းလည်း သိရပါတယ်။ ဘိလပ်မြေစက်ရုံများအနေနဲ့ ကျောင်းသား/ကျောင်းသူများ လက်တွေ့လာရောက်ကွင်းဆင်းရာတွင် လက်ခံ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပါတယ်။ အဲဒီနောက် အစည်းအဝေးမှာ ငလျင်ဒဏ်သင့်ဒေသများကို ဘိလပ်မြေဖြန့်ဖြူးပေးနိုင်ရေး အခြေအနေများနှင့် အရည်သွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

11 Sep

ADVERTISE HERE .