“ဆာကူရာ‌ဆေးရုံမှာ တီဘီရောဂါရှိသူများကို အခမဲ့စစ်ဆေးကုသနေ”

11 Sep

မြန်မာနိုင်ငံဆရာဝန်အသင်း၏ တီဘီစီမံချက်မှာ ပါဝင်တဲ့ ဆာကူရာဆေးရုံတွင် တီဘီရှိသူတိုင်းကို အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့်ပူးပေါင်းပြီး အခမဲ့စစ်ဆေးကုသပေးလျက်ရှိကြောင်း စက်တင်ဘာလ ၁၀ ရက်က အသိပေးထားပါတယ်။ ဆာကူရာ ဆေးရုံနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၏ MMA PPM တီဘီ Project တို့ပူးပေါင်းလက်တွဲ၍ PPM တီဘီ Center ကို ဆာကူရာဆေးရုံမှာ ၂၀၁၆ နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်ထားရှိကာ လူနာများကို တီဘီရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေးပြီး ရောဂါရှိပါက အခမဲ့ကုသပေးလျက်ရှိကြောင်း သိရပါတယ်။ ဆာကူရာဆေးရုံရှိ PPM တီဘီ center ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး မနက် ၉ နာရီမှ ၁၂ နာရီ အထိ ဖွင့်လှစ်ထားရှိထားကြောင်းလည်း သိရပါတယ်။ တီဘီရောဂါလက္ခဏာရှိတယ်လို့ သံသယရှိပါက၊ နီးစပ်ရာ ကျန်းမာရေး ဌာနများနှင့် ဆေးရုံဆေးခန်းများမှာ စစ်ဆေးကုသမှု အမြန်ဆုံးခံယူပြီး ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားတဲ့အတိုင်းစနစ် တကျနဲ့ ပြီးဆုံးအောင် ကုသမှုခံယူရပါက တီဘီရောဂါကို ပျောက်ကင်းအောင်ကုသနိုင်ကြောင်း သိရပါတယ်။ (NVS 004)

11 Sep

ADVERTISE HERE .