သလဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ
10 Sep
ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သလဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သလဲသီးမှာ antioxidant ဓာတ်တွေ၊ ဗီတာမင်တွေ အထူးသဖြင့် ဗီတာမင်အေ၊ စီ၊ အီးနဲ့ ဖောလစ်အက်ဆစ်ကဲ့သို့ ဗီတာမင်တွေ ပါဝင်ပါတယ်။ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အခြားကျန်းမာရေး အကျိုးသက်ရောက်မှုတွေ ရှိတဲ့အတွက် ဆရာဝန်တွေက စားသုံးဖို့ တိုက်တွန်းကြပါတယ်။ အရေပြားကို ကြည်လင်စေပြီး ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ အစာအိမ်ရောဂါ၊ သွားကျန်းမာရေး၊ အရိုးပွရောဂါ၊ ဆီးချိုသွေးချို၊ သွေးအားနည်း ရောဂါနဲ့ နှလုံးရောဂါကဲ့သို့ ရောဂါတွေအတွက်လည်း ကောင်းမွန်စေပါတယ်။ သလဲသီးရဲ့ အခွံ၊ အရွက်နဲ အခေါက်တွေက အစာအိမ်စနစ်နဲ့ဆိုင်တဲ့ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သလဲသီးဖျော်ရည်က ကာလဝမ်းရောဂါနဲ့ အူလမ်းကြောင်းကနေ ဖြစ်တတ်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် သလဲသီးမှာ ပါဝင်တဲ့ antioxidants တွေက ခန္ဓာကိုယ်မှာ မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေ နိုင်ပါတယ်။ သလဲသီးဖျော်ရည်ကို သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်သွေးလှည့်ပတ်မှု အားကောင်းစေပါတယ်။ အဲဒါကြောင့်ကို နှလုံးရောဂါဖြစ်ပွားမှုနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ Antioxidants တွေကြောင့် သွေးကြောတွေမှာ သွေးခဲခြင်းကို ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီးတော့ သလဲသီးမှာ flavonoid လို့ခေါ်တဲ့ antioxidant မြင့်မားစွာပါဝင်မှုကြောင့် အမျိုးမျိုးသော ကင်ဆာတွေကို ဖြစ်စေတတ်တဲ့ free radicals တွေကို လျော့ကျစေပါတယ်။ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက Prostate-Specific Antigen (PSA) ပမာဏကို လျော့ကျစေတယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ပြောပြထားပါတယ်။ သလဲသီးမှာ ကင်ဆာဆဲလ်များပျံ့နှံ့ခြင်းကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်တယ်လို့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။ ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းရှိတဲ့အတွက် သွားကျန်းမာရေးအတွက် ကောင်းမွန်စေပြီး အာခံတွင်းနဲ့ ပတ်သက်တဲ့ အခြားသော ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း ပိုင်းရောင်ရမ်းတာကို ကာကွယ်ပေးနိုင်သလို အရိုးအဆစ်တွေ၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကိုလည်း ကာကွယ်ပေး နိုင်တဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ သလဲသီးဟာ ခန္ဓာကိုယ်ထဲက သွေးလှည့်ပတ်မှုအားကောင်းစေပါတယ်။ သွေးထဲကို သံဓာတ်ထောက်ပံ့ပေးနိုင်တဲ့ အတွက် သွေးအားနည်းခြင်းကြောင့် မောပန်းလွယ်ခြင်း၊ အးနည်းခြင်း၊ အာရုံကြောအားနည်းခြင်းနဲ့ အကြားအာရုံ အားနည်းခြင်းတို့ကို သက်သာဖို့ ကူညီပေးနိုင်ပါတယ်။ ဆီးချိုရောဂါသည်တွေအတွက် သလဲသီးဖျော်ရည်ကို သောက်သုံးပေးခြင်းက သွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပွားခြင်းကို လျော့ကျစေ နိုင်ပါတယ်။ သွေးကြောတွေ နံရံတွေထူလာခြင်း၊ မာကြောလာခြင်းမျိုးတွေကို လျော့ကျစေနိုင်ပါတယ်။ အဲဒါကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေ နည်းပါးစေပါတယ်။ (NVS 003)