“မုံရွာမြို့၌ သုံးရက်အတွင်း မျက်စိလူနာ ၂,၂ဝဝ နီးပါး အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့”
10 Sep
မုံရွာမြို့ခုတင်(၅၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူဆရာတော်ကြီးအား အမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ဦးဆောင်ပါဝင်ပံ့ပိုးမှုတို့ဖြင့် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ပေးလျက် ရှိရာ ၃ ရက်အတွင်း လူနာ၂,၂၀၀ နီးပါးကို ကုသပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အခမဲ့ကုသပေးရာတွင် သြဂုတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ စမ်းသပ်ပြင်ပလူနာ ၁,၉၉၂ ဦး၊ အကြီးစားခွဲစိတ်လူနာ ၁၅၁ ဦး၊ အသေးစားခွဲစိတ်လူနာ ၃၃ ဦး တို့အား စမ်းသပ်ခွဲစိတ်ကုသပေးခဲ့ပါတယ်။ မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စိ စမ်းသပ်ခွဲစိတ်ပေးခြင်းကို သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး တွင် စမ်းသပ်ခွဲစိတ်ပေးခဲ့ပြီး မျက်စိဝေဒနာရှင် လူနာပေါင်း ၅,၁ဝဝ ကျော် စာရင်းပေးသွင်းထားကြောင်း သိရပါတယ်။ (NVS-004)