“ငလျင်ဘေးအလွန် စီးပွားပြန်လည်ထူထောင်ရေး (MSME)ဈေးရောင်းပွဲတော် ကျင်းပမည်”
10 Sep
မန္တလေးတိုင်းဒေသကြီးအတွက် ငလျင်ဘေးအလွန် စီးပွားပြန်လည်ထူထောင်ရေး MSME MARKET FESTIVAL 2025 ဈေးရောင်းပွဲတော်အား စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း MRCCI အသင်း ကြီးမှ သိရပါတယ်။ အဆိုပါ ဈေးရောင်းပွဲတော်သည် ငလျင်အလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့စေရန် ရည်ရွယ်ကာ အခွင့်အလမ်း အလွန်ထူးခြားသော MSME ဈေးရောင်းပွဲတော်အဖြစ် ပြခန်းပေါင်း ၈၆ ခန်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား အမျိုးမျိုးသော MSME ကုန်ပစ္စည်းများ၊ အရည်အသွေးမြှင့် ထုတ်ကုန်များကို တစ်နေရာတည်းတွင် စုံလင်စွာ ဝယ်ယူနိုင်မှာဖြစ်သလို MSME စီးပွားရေးလုပ်ငန်းများ ၁ဝဝ နီးပါး ပါဝင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲတော်၌ ရပ်ဝေးရပ်နီးရှိ ပြည်သူများအတွက် စိတ်အပန်းဖြေစေရန်အတွက် ဖျော်ဖြေရေးအဖြစ် မြန်မာ့ အကအလှ ယဉ်ကျေးမှုများ၊ နာမည်ကြီး အဆိုတော်များ၊ DJ DANCE အစီအစဉ်များ ပါဝင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)