“မြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ (၁၆၁)ကြိမ်မြောက် သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းပွဲကျင်းပမည်”
10 Sep
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းပွဲကို စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်(တော်သလင်းလပြည့်ကျော် ၄ ရက်နှင့် ၅ ရက်)တို့တွင် နှစ်ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီးပရိယတ္တိစာသင်တိုက်မှ သိရပါတယ်။ ထန်းတပင်မြို့နယ်တွင် တော်သလင်းလပြည့်ကျော် ၄ ရက်နှင့် ၅ ရက်တို့တွင် မြသိန်းတန်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ယခင်မြသိန်းတန်ကျောင်း ဆရာတော်ကြီးများ လက်ထက်မှစ၍ တပည့်ဒကာ၊ ဒကာမအပေါင်းတို့မှ သစ်သီးဆွမ်းများကို နှစ်စဉ်နှစ်တိုင်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ်လျက်ရှိရာ ယခုအခါမှာ (၁၆၁)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကာ အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)