“နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ပိုစတီကိုဂလူး”

10 Sep

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းနည်းပြသစ်အဖြစ် စပါးနည်းပြဟောင်း ပိုစတီကိုဂလူး ကို ခန့်အပ်ခဲ့ ပါတယ်။ နော်တင်ဟမ်အသင်းက နည်းပြ နူနိုဆန်တို ကို မကြာမီက နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ပိုစတီကို ဂလူး ကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူး က စပါးအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် သုံးလအကြာ မှာပဲ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူး ဟာ စပါးအသင်းကို ၁၇ နှစ်အတွင်း ပထမဆုံးဖလားအဖြစ် ယူရိုပါလိဂ်ဖလားရယူခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေရှိနေတာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရတာ ဖြစ်တယ်။ နော်တင်ဟမ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ပိုစတီကိုဂလူးရဲ့ မိတ်ဆက်ပွဲကို မကြာခင်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် သုံးပွဲကစားအပြီး ရမှတ် လေးမှတ်နဲ့ အဆင့် (၁၀) မှာ ရပ်တည်နေပါတယ်။ (NVS 008 )

10 Sep

ADVERTISE HERE .