“ကားလို့စ်ရုဇ်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဂိုးသွင်းအများဆုံးစံချိန်ကို စီရော်နယ်လ်ဒို လိုက်မီ”

10 Sep

ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ဟန်ဂေရီအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ တစ်ဂိုး သွင်းယူခဲ့တာကြောင့် ကားလို့စ်ရုဇ် ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ၃၉ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂွါတီမာလာ ကစားသမား ကားလို့စ်ရုဇ် ရဲ့စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒို ဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် ယှဉ်ပြိုင်ကစားတဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လက်ရွေးစင်အသင်း သွင်းဂိုးအရေအတွက် ၁၄၁ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းနှစ်ခုပေါင်း သွင်းဂိုး ၉၄၃ ဂိုး ရှိသွားခဲ့ပြီဖြစ်လို့ ဂိုး ၁,၀၀၀ အရေအတွက်ပြည့်မြောက်ဖို့လည်း နီးစပ်လာခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ အသက် ၄၀ ပြည့်ပြီးချိန်မှာ သွင်းဂိုး ၂၀ သွင်းယူနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 008)

10 Sep

ADVERTISE HERE .