“PTTEP က ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိနေ”

10 Sep

ထိုင်းနိုင်ငံအခြေစိုက်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ PTTEP က မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် M-9 မှာ ရေအောက် ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါလုပ်ကွက်အမှတ် M-9 ၌ Development Project Phase (1) E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း ၄ ခု တပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်မှုကို စက်တင်ဘာလ ၂၀ ရက်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခုလိုဆောင်ရွက်‌နေစဉ် လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန်အတွက် လုပ်ငန်းဆောင်ရွက်မည့် တည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေးချက်များ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် သင်္ဘောကြီး၊ သင်္ဘောငယ်များ၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘော၊ စက်တပ်သမ္ဗန်များအနေဖြင့် ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာချခြင်းများ မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားပါတယ်။ (NVS 004)

10 Sep

ADVERTISE HERE .