“မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲကျင်းပမည်”

10 Sep

မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ်ဖြင့် “ရင်ထဲက မန်းတက္ကသိုလ်” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်သူများအနေနဲ့ ပြိုင်ပွဲစည်းကမ်းချက်များမှာ ပြိုင်ပွဲဝင်တစ်ဦးလျှင် (၁၀" x ၁၅"/၁၀" x ၁၄") ရောင်စုံ (သို့မဟုတ်) အဖြူ၊ အမည်း သုံးပုံအထိ တင်သွင်းနိုင်ပြီး မည်သည့်ကင်မရာအမျိုးအစားနှင့်မဆို ရိုက်ကူးယှဉ်ပြိုင် နိုင်ပါတယ်။ ဓာတ်ပုံများကို အလင်း၊ အမှောင် အရောင်ချိန်ခြင်းမှအပ အလွန်အမင်းပြုပြင်ခြင်း၊ မူရင်းပုံပါ အကြောင်း အရာများကို ပယ်ပျောက်ခြင်း၊ မပါဝင်သောအရာများ၊ အရောင်များပေါင်းထည့်ခြင်း စသည်တို့ကို ခွင့်ပြုပေးသွားမည် မဟုတ်ပါ။ ပြိုင်ပွဲဝင်တစ်ဦးလျှင် ဆု တစ်ဆုသာ ခံစားခွင့်ရှိပြီး ပြည်တွင်း/ပြည်ပ၌ ဆုရပြီးသော ဓာတ်ပုံများမဖြစ်စေရန်နှင့် ပြိုင်ပွဲဝင်တစ်ဦးလျှင် နာမည်တစ်မျိုးဖြင့်သာ ယှဉ်ပြိုင်ခွင့်ပြုပေးထားပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို စက်တင်ဘာလ ၂၃ ရက် ညနေ ၅ နာရီထက် နောက်မကျစေဘဲ ပေးပို့ရမှာဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံများအား ပြိုင်ပွဲဝင်ခွင့်ပုံစံတွင် ဖြည့်သွင်း၍ KMC ကိုယ်ပိုင်အထက်တန်းကျောင်း၊ ၄၃ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့ သို့ ရုံးချိန်အတွင်း ပေးပို့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို စက်တင်ဘာလ ၂၅ ရက် နံနက် ၉ နာရီတွင် ရွေးချယ်သွားမည်ဖြစ်ကာ ဆုရရှိသည့် ဓာတ်ပုံမူရင်းဖိုင်ကို ငါးရက်အတွင်း ပေးပို့နိုင်ရမှာဖြစ်ပါတယ်။ အသေးစိတ်များကို ဖုန်း ဝ၉-၇၉၁၂၅ ၄၇၆၆၊ ၀၉-၇၉၁၂၅၄၈၃၈ ၌ ဆက်သွယ်မေးမြန်းနိုင်ပြီး ဆုကြေးငွေအနေနဲ့ ပထမဆု ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း၊ နှစ်သိမ့်ဆု ငါးဆု အတွက် တစ်ဆုလျှင် ငွေကျပ် တစ်သိန်းစီ ချီးမြှင့်သွားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

10 Sep

ADVERTISE HERE .