“မန္တလေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကမှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်းပေါင်း ၆,ဝဝဝ ကျော်ရှိ”

10 Sep

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များအလိုက် ဩဂုတ်လအထိ ပုဂ္ဂလိကမှတ်ပုံတင်ထားသည့် အကြီးစား၊ အလတ်စား၊ အငယ်စား စက်မှုလုပ်ငန်းပေါင်း ၆,၉၃ဝ ရှိကြောင်း တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများဖြစ်တဲ့ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအား အရင်းအမြစ်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် သင်တန်းများ နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိသလို လိုအပ်ချက်များကိုလည်း ဌာနအနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် ၂၀၂၅ ခုနှစ်၊ သြဂုတ်လအထိ ခရိုင်နှင့် မြို့နယ်များအလိုက် ပုဂ္ဂလိကမှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်းများမှာ အကြီးစား ၁,၇၃၈ ခု၊ အလတ်စား ၂,၉ဝ၅ ခုနှင့် အငယ်စား ၂,၂ဝ၇ ခု စုစုပေါင်းလုပ်ငန်းများ ၆,၉၃ဝ ခုရှိပြီး အများဆုံးမှာ စားသောက်ကုန်လုပ်ငန်းများဖြစ်ပါတယ်။ စက်မှုလုပ်ငန်းမှတ်ပုံတင်ရာတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ၊ စက်စွမ်းအား၊ လုပ်သားအင်အား၊ ထုတ်လုပ်မှုစွမ်းအား များအပြင် အသုံးပြုလည်ပတ်လျက်ရှိတဲ့ စက်စွမ်းအား(မြင်းကောင်ရေ)စသဖြင့် ဘက်ပေါင်းစုံသုံးသပ်၍ အကြီးစား၊ အလတ်စား၊ အငယ်စားဟူ၍ ခွဲခြားခြင်းဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုတွင် တာဝန်ကျေပွန်မည်ဖြစ်ကာ SME ချေးငွေများလည်း လျှောက်ထားရယူနိုင်ကြောင်း သိရပါတယ်။ (NVS 004)

10 Sep

ADVERTISE HERE .