“မြေဩဇာရန်ကုန်အထိုင်လက္ကားဈေးနှုန်းများ ကြေညာ”

10 Sep

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA)အနေနဲ့ တောင်သူများ အဓိကသုံးစွဲလျက်ရှိသော မြေဩဇာ ရည်ညွှန်းဈေးနှုန်းများကို ရန်ကုန်အထိုင်လက္ကားဈေးနှုန်းဖြင့် စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ရောင်းချရန် အသင်းဝင်ကုမ္ပဏီများသို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ ရောင်းချရန်မြေဩဇာဈေးနှုန်းများမှာ ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁၁၉,၉၀၀ ကျပ်၊ DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁၅၃,၀၀၀ ကျပ် ဖြင့် သတ်မှတ်ထားရှိပြီး Complex ၁၅ ပတ်လည်မြေဩဇာကိုတော့ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားခြင်းမရှိဘဲ အဆိုပါ ထုတ်ပြန်ထားသည့် ဈေးနှုန်းများသည် ရန်ကုန်အထိုင်လက္ကားဈေးနှုန်းများဖြစ်သဖြင့် ဒေသအလိုက်သယ်ယူပို့ဆောင် စရိတ်များအပေါ်တွင် မူတည်ကာ ဈေးနှုန်းကွာခြားနိုင်မှာဖြစ်ပါတယ်။ မြေဩဇာဈေးနှုန်းများကို ရည်ညွှန်းဈေးနှုန်းများနှင့် အညီရောင်းချခြင်းမရှိပါက ဦးဆောင်ကော်မတီ ဖုန်း - ၀၆၇၄၁ဝဝ၃၂၊ MFSPEA အသင်း ဖုန်း - ၀၉၉၈၈၅၃၉၃၆၀ ထံသို့ ဆက်သွယ်အကြောင်းကြား အသိပေးနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)

10 Sep

ADVERTISE HERE .