“စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသီးနှံဧက လျာထားချက်တဝက်နီးပါး စိုက်ပျိုးပြီးစီး”

10 Sep

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း ယခုနှစ်တွင် မိုးသီးနှံဧကခြောက်သိန်းခန့် စိုက်ပျိုးရန်လျာထားပြီး လက်ရှိမှာ ဧကသုံးသိန်းခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ သီးနှံများ အထွက်နှုန်းကောင်းမွန်ပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်နှင့် လျာထားစိုက်ဧကများ ပြည့်မီစေရန် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်နဲ့ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးသောတောင်သူများအနေနဲ့ မိုးလေဝသကောင်းမွန်မှု ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိပါတယ်။ စစ်ကိုင်းခရိုင်အတွင်း သီးနှံအုပ်စုကြီး ခြောက်အုပ်စုဖြစ်တဲ့ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဝါ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံများကို စိုက်ပျိုးကြပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်မှန်းထားသော အဓိကသီးနှံ ၁၀ မျိုးရှိကာ အဆိုပါ သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများမှ လေးထားဆောင်ရွက် လျက်ရှိပါတယ်။ ယခုနှစ်မှာ စစ်ကိုင်းခရိုင်အတွင်း မိုးစပါးဧက ၄၀,၀၀၀ ကျော်၊ ပဲမျိုးစုံဧက ၁၇၀,၀၀၀ ကျော်၊ ဆီထွက် သီးနှံဧက ၁၀၀,၀၀၀ ကျော်၊ ဝါဧက ၄၀,၀၀၀ ကျော်၊ စားဖိုဆောင်သီးနှံဧက ၃,၆၀၀ ကျော်နှင့် အခြားသီးနှံဧက ၂၃၀,၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

10 Sep

ADVERTISE HERE .