နိုင်ငံရေးပါတီ ၄ ပါတီကို ပါတီမှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ဖျက်သိမ်း

09 Sep

နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ် အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့နောက်ဆုံးတင်ပြရမည့်ရက်အဖြစ် ၇ - ၉ - ၂ဝ၂၅ ရက်နေ့ သတ်မှတ်ထား ရှိပါသည်။ သတ်မှတ်ရက်တွင် သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)]နှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics (DNP)]၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်းနိုင်ငံရေးပါတီ ၄ ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၉၅ / ၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြောင်းသတင်းရရှိပါသည်။(NVS 007)

09 Sep

ADVERTISE HERE .