ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကို တရားရေးရာကျွမ်းကျင်သူ/ အတွေ့အကြုံရှိသူများဖြင့် အင်အားဖြည့်
09 Sep
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးများနှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့ဖြစ်သည့် ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း နှင့် ဒေါ်ခင်သင်းဝေ တို့အား ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက UEC အဖွဲ့ဝင် ၄ ဦးခန့်အပ်ရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများနှင့် မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ် တို့ကို UEC အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ခဲ့သဖြင့် လာမည့်အထွေထွေရွေးကောက်ပွဲကို တရားဥပဒေရေးရာကဏ္ဍတွင် ပိုမိုအလေးထားသည့် တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် အလေးထားမှုကို ထင်ဟပ်ပေါ်လွင်စေပါသည်။(NVS 007)
09 Sep