“ပရီးမီးယားလိဂ်မှာ ရာထူးက ထုတ်ပယ်ခံရနိုင်ခြေအရှိဆုံးနည်းပြအဖြစ် သတ်မှတ်ခံရတဲ့ နူနိုဆန်တို”
09 Sep
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့နည်းပြ နူနိုဆန်တို ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ နည်းပြရာထူးက အစောဆုံးထုတ်ပယ်ခံရနိုင်ခြေရှိတဲ့ နည်းပြအဖြစ် သတ်မှတ်ခံနေရကြောင်း သိရပါတယ်။ နူနိုဆန်တို က အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အားကစားဒါရိုက်တာ အီဒူး နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတာကြောင့် ရာထူးက အစောဆုံးထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ထင်ကြေးပေးခံနေရတာ ဖြစ်ပါတယ်။ ရာထူးက ထုတ်ပယ်ခံရနိုင်ခြေအနည်းဆုံး နည်းပြအဖြစ် လီဗာပူးလ်နည်းပြ အာနယ်ဆလော့ က ရပ်တည်နေပြီး သူ့နောက်မှာ ဘုန်းမောက်နည်းပြ အိုင်ရာအိုလာ၊ အာဆင်နယ်နည်းပြ အာတီတာ၊ ချယ်လ်ဆီးနည်းပြ မာရက်စကာတို့ အစဉ်လိုက်ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်မှာ ၂၀၂၂-၂၃ ရာသီနောက်ပိုင်း စက်တင်ဘာလအတွင်း ထုတ်ပယ်ခံရတဲ့ နည်းပြ မရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)
09 Sep