“အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုနှစ်ခုကို ငြင်းဆန်ခဲ့ကြောင်း ကြေညာခဲ့တဲ့ စပါးအသင်း”

09 Sep

စပါးအသင်းရဲ့ ဘုတ်အဖွဲ့က အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုနှစ်ခု ရရှိခဲ့ပြီး ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ စပါးအသင်းကို လက်ရှိအချိန်မှာ ဗြိတိန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ ENIC က ပိုင်ဆိုင်ထားပြီး လက်ရှိစျေးကွက်တန်ဖိုးက ပေါင် ၂ ဒသမ ၆ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။ စပါးအသင်းကို ဝယ်ယူကမ်းလှမ်းခဲ့တဲ့သူတွေက နယူးကာဆယ်အသင်းရဲ့ ရှယ်ယာရှင်ဟောင်း အာမန်ဒါစတာ ဗယ်လီ ရဲ့ PCP ကုမ္ပဏီနဲ့ ဒေါက်တာရော်ဂျာကန်နက်ဒီ ဦးဆောင်တဲ့ အကျိုးတူရင်းနှီးမြှုပ်နှံမှုအဖွဲ့တစ်ခုဖြစ်ကြောင်း သိရပါတယ်။ စပါးအသင်းက ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ လက်ခံစဉ်းစားသွားမှာမဟုတ်ကြောင်းနဲ့ စပါးအသင်းဟာ ရောင်းရန်မဟုတ်တဲ့အသင်းဖြစ်ကြောင်း ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမှုဆောင်ဥက္ကဋ္ဌ ဒန်နီယယ်လီဗီနဲ့ လမ်းခွဲထားပေမဲ့ စပါးအသင်းရဲ့ပရိသတ်တွေကတော့ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ဖို့ကိုပါ မျှော်လင့်နေကြောင်း သိရပါတယ်။ (NVS 008)

09 Sep

ADVERTISE HERE .