“တန်ဟက်ဂ် နေရာကို ဒိန်းမတ်လူမျိုးနည်းပြ ဟူဝီလန်းနဲ့ အစားထိုးခဲ့တဲ့ လေဗာကူဆင်အသင်း”
09 Sep
လေဗာကူဆင်အသင်းဟာ တန်ဟက်ဂ် ကို ရာထူးကထုတ်ပယ်ခဲ့ပြီးနောက် အသင်းနည်းပြနေရာကို ဒိန်းမတ် လူမျိုးနည်းပြ ဟူဝီလန်း နဲ့ အစားထိုးခဲ့ပါတယ်။ တန်ဟက်ဂ် ဟာ ပြီးခဲ့တဲ့အပတ်က ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် အမြန်ဆုံးထုတ်ပယ်ခံရမှုအဖြစ် ရာသီအဖွင့်နှစ်ပွဲအပြီးမှာပဲ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ ဟူဝီလန်း ဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ၎င်းအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် ကူညီခဲ့ပြီး အင်္ဂလန်အသင်းကို အချိန်ပိုမှာ အရေးနိမ့် ခဲ့ရပါတယ်။ လေဗာကူဆင်အားကစားဒါရိုက်တာ ရောလ်ဖတ်စ် က တန်ဟက်ဂ်ကို ခန့်အပ်တာဟာ အမှားတစ်ခု ကျူးလွန်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ အခု ဘွန်ဒစ်လီဂါအမှတ်ပေးဇယားမှာ အဆင့် ၁၂ နေရာ ရောက်နေပြီး နှစ်ပွဲကစား တစ်မှတ်သာ ရရှိထားပါတယ်။ (NVS 008)
09 Sep