“စီရော်နယ်လ်ဒို ဟာ အကောင်းဆုံးဖြစ်ဖို့ ဆန္ဒပြင်းပြနေဆဲဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့တဲ့ နည်းပြ မာတီနက်ဇ်” c
09 Sep
ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ် က အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ဟာ အကောင်းဆုံး ဖြစ်ဖို့ ဆန္ဒပြင်းပြနေဆဲဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒို ဟာ အာမေးနီးယား အသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရတဲ့ ခြေစစ်ပွဲမှာ နှစ်ဂိုး သွင်းပြီး ပေါ်တူဂီအသင်းအတွက် ဂိုး ၁၄၀ ပြည့်မြောက်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ ပထမဆုံးအကြိမ်ကစားရမယ့် လူငယ်ကစားသမားတစ်ယောက်လို စွမ်းဆောင်လျက်ရှိပြီး အောင်မြင်မှုများစွာ ရရှိထားသူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးဖြစ်ဖို့ အစွမ်းကုန်ကြိုးစားနေသူဖြစ်တယ်လို့ မာတီနက်ဇ် က ဟန်ဂေရီနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ နိုင်ငံလက်ရွေးစင် ကစားသမားဘဝက အနားယူမယ့်အချိန်ကိုလည်း ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။ အယ်လ်နာဆာအသင်းနဲ့ မကြာသေးခင်ကမှ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ (NVS 008)