“တရုတ်နိုင်ငံ က အာဆီယံအဖွဲ့အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ဟုဆို”
09 Sep
တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း ကုန်သွယ်ရေးတာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၈ ရက်တွင် ပြောသည်။ ယခုကဲ့သို့ တရုတ်နိုင်ငံက အာဆီယံအဖွဲ့အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ ၁၆ နှစ်ရှိလာပြီ ဖြစ် ကြောင်း အဆိုပါတာဝန်ရှိသူ က ဆက်ပြောသည်။ ယခုနှစ် ပထမခုနစ်လအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၅၉၇ ဘီလီယံအထိရှိကြောင်း၊ ထိုပမာဏသည် ယမန်နှစ်ကထက် ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏအနက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ယန်ဒေါင်း က ပြောထားခြင်း ဖြစ်သည်။ ထို့ပြင် ယခုနှစ်၏ ဇူလိုင်လကုန်အထိ တွက်ချက်မှုများအရ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့ကြား အပြန် အလှန် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၅၀ ကို ကျော်လွန်လာကြောင်း ယန်ဒေါင်း က ဆက်ပြောသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံမှကုမ္ပဏီများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းများအတွက်ချုပ်ဆိုထားသည့် စာချုပ်တန်ဖိုးမှာ ဒေါ်လာဘီလီယံ ၄၈၀ ရှိကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။