“Pilot Project အဖြစ် သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာများကို တိုင်းဒေသကြီးအချို့မှာ စတင်ဖြန့်ဖြူးပေးမည်”

09 Sep

သီးနှံပေါ်ပေးစနစ်နဲ့ ဓာတ်မြေဩဇာသွင်းအားစုများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်းကို Pilot Project အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး ပဲခူးတိုင်း ၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း စတဲ့ တိုင်းဒေသကြီးတို့မှာ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ သီးနှံပေါ်ပေးစနစ်နဲ့ သွင်းအားစုများ ထောက်ပံ့ရာမှာ ဈေးနှုန်းအနေနဲ့ ယူရီးယားတစ်အိတ်လျှင် ရန်ကုန်အထိုင် ပြင်ပပေါက်ဈေး ငွေကျပ် ၁၀၂,၀၀၀ ရှိပြီး ယခုစီမံကိန်းဖြင့် ဖြန့်ဝေသောဈေးနှုန်းမှာ ရန်ကုန်အထိုင် ဈေးငွေကျပ် ၈၉,၅၀၀ ဖြစ်ကြောင်း သိရပါတယ်။ ကွန်ပေါင်းတစ်အိတ်လျှင် ရန်ကုန်အထိုင်ပြင်ပပေါက်ဈေး ငွေကျပ် ၁၄၅,၀၀၀ ရှိပြီး ယခုစီမံကိန်းနဲ့ ဖြန့်ဝေသောဈေးနှုန်းမှာ ရန်ကုန်အထိုင်ဈေး ငွေကျပ် ၁၂၀,၀၀၀ ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဈေးနှုန်းများအရ သယ်ယူစရိတ်နှင့်သတ်မှတ်ကုန်ကျစရိတ်များအပါအဝင် ယူရီးယားနှင့် ကွန်ပေါင်း တစ်အိတ်လျှင် တောင်သူများလက်ဝယ်အရောက် ပြင်ပဈေးထက် ငွေကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ သက်သာနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ သွင်းအားစုဓာတ်မြေဩဇာများသုံးစွဲရာမှာ စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များကို စနစ်တကျမှန်ကန်စွာအသုံးပြုနိုင်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် သီးနှံပေါ်ပါက ယခုသွင်းအားစုတန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင်ချေးငွေများကို အပြေအ‌ကျေပြန်ဆပ်ရမည်ဖြစ်ပါတယ်။ (NVS 004)

09 Sep

ADVERTISE HERE .