“စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ထက် ၁၁၀ ကျပ် ထပ်မံမြင့်တက်”

09 Sep

စက်တင်ဘာလ ၈ ရက်မှ စက်တင်ဘာလ ၁၄ ရက်အတွင်း ရောင်းချရမည့်စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံ လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ ၆,၅၂၀ ကျပ်ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က စျေးနှုန်းထက်အနည်းငယ်မြင့်တက် လာကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ ၁ ရက်မှ စက်တင်ဘာလ ၇ ရက်အထိတစ်ပတ်တာကာလာအတွင်း ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ ၆,၄၁၀ ကျပ်အထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်မှစပြီး စားအုန်းဆီဈေးအနည်းငယ် ကျဆင်းခဲ့ပေမယ့် ဩဂုတ်လမှ စတင်ကာ စျေးအနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ရာမှ ယခု စက်တင်ဘာလ ဒုတိယအပတ်မှာ ကျပ် ၆,၅၂၀ ထိ မြင့်တက်လာခြင်းဖြစ်ပါတယ်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့ လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားပါတယ်။ (NVS 004)

09 Sep

ADVERTISE HERE .