“မြစ်ရေတင်လုပ်ငန်းများမှ နွေစပါးအပါအဝင် သီးနှံစိုက်ဧကပေါင်း ၂၀,၀၀၀ ကျော်အတွက် စိုက်ပျိုးရေပေးဝေရန် လျာထားဆောင်ရွက်”

09 Sep

ရန်ကုန်တိုင်းဒေသကြီးရှိ မြစ်ရေတင်လုပ်ငန်းများမှ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ နွေစပါးဧက ၁၇,၄၀၀ ကျော်နှင့် အခြား သီးနှံဧက ၂,၆၀၀ ကျော်၊ စုစုပေါင်းဧက ၂၀,၁၀၀ ကို ရေပေးဝေရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၂ ခုတွင် တည်ဆောက်ပြီး မြစ်ရေတင်လုပ်ငန်း ၂၃ ခုမှ အကျိုးပြု ဧက ၂၆,၀၀၀ ကျော်နှင့် ဆောင်ရွက်ဆဲမြစ်ရေတင် စီမံကိန်းတစ်ခုမှ အကျိုးပြုဧက ၁,၅၀၀ စုစုပေါင်းမြစ်ရေတင် ၂၄ ခုမှ အကျိုးပြုဧက ၂၇,၈၀၀ ကျော် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုလာစနစ်တွဲဖက်တပ်ဆင်အသုံးပြုသည့် မြစ်ရေတင်လုပ်ငန်း ၅ ခုတွင် ဆိုလာကီလိုဝပ် ၁,၀၅၇ ဒသမ ၁ ကီလိုဝပ်နှင့် ဆိုလာစနစ်သီးသန့် ရေတင်လုပ်ငန်းများအဖြစ် ရေတင်လုပ်ငန်း ၅ ခု၌ ဆိုလာကီလိုဝပ် ၇၂၆ ကီလိုဝပ် စုစုပေါင်းဆိုလာကီလိုဝပ် ၁,၇၈၃ ဒသမ ၁ ကီလိုဝပ် တပ်ဆင်ပြီးဖြစ်ကြောင်း သိရပါတယ်။ လှည်းကူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေနဲ့တည်ဆောက်မည့် ဆိုလာကီလိုဝပ် ၅,၀၅၀ တပ်ဆင်ရန်တင်ဒါခေါ်ယူဆောင်ရွက်ပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက စုစုပေါင်း ဆိုလာကီလိုဝပ် ၆,၈၃၃ ဒသမ ၁ ကို မြစ်ရေတင်လုပ်ငန်းများတွင် အသုံးပြု နိုင်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)

09 Sep

ADVERTISE HERE .