“ယူအက်စ်အိုးပင်းမှာ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ ဆာဘာလန်ကာ"
08 Sep
ကမ္ဘာ့အဆင့်တစ် ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ က ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲမှာ ထပ်မံဗိုလ်စွဲခဲ့ပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဆာဘာလန်ကာ က အမေရိကန်နိုင်ငံသူ အာနီဆီမိုဗာ နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ၆-၃၊ ၇-၆၊ ၇-၃ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ အနေနဲ့ အခုနှစ်အတွင်း ပထမဆုံး မေဂျာဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဘဝမှာ လေးလုံးမြောက် ဂရင်းစလင်းဆုဖလားလည်း ဖြစ်ခဲ့တယ်။ ဆာဘာလန်ကာဟာ အခုနှစ် ဂရင်းစလင်းပြိုင်ပွဲ လေးရပ်စလုံး အနိမ့်ဆုံး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။ အာနီဆီမိုဗာ ကတော့ ဝင်ဘယ်လ်ဒန်နဲ့ အခုယူအက်စ်အိုး ပင်း နှစ်ပွဲဆက် ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ (NVS 008)
08 Sep