“ထရက်ဇွန်စပေါ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အိုနာနာ”
08 Sep
မန်ယူအသင်းရဲ့ ဂိုးသမား အိုနာနာ ဟာ တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ အိုနာနာ ကို ၂၀၂၃ နွေရာသီမှာ အင်တာမီလန်အသင်းဆီကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၃ ဒသမ ၈ သန်းအပြင် အပိုဆုကြေး ပေါင် ၃ ဒသမ ၄ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ မန်ယူအသင်းမှာ အိုနာနာ ဟာ လက်စွမ်းပြသ နိုင်ခြင်းမရှိသလို အသင်းမှာ အမှားများစွာပြုလုပ်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ ပရိတ်သတ်များက ရောင်းထုတ်ရန် တောင်းဆိုနေခဲ့ကြပါတယ်။ မန်ယူအသင်းဟာ ဘယ်လ်ဂျီယံ ဂိုးသမား လမ်မန်းစ် ကို ခေါ်ယူခဲ့ပြီးတဲ့နောက် အိုနာနာ ကို အငှားချဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အပြီးသတ်ရောင်းချမယ့် သဘောတူညီမှုတော့ မပါဝင်ဘူးလို့ သိရပါတယ်။ အိုနာနာ ဟာ ထရက်ဇွန်စပေါ်အသင်းတွင် လစာရဲ့ နှစ်ဆ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)